မေဇော်ချို
 

 

 

 

 

 

 

 

မှ

လှိုက်လှဲစွာ ကြိုဆိုပါ၏

 

 

 

 

 

 

မေတ္တာပို့

အလုံးစုံသော သတ္တ၀ါတွေ
ဘေးရန် ကင်းကြပါစေ၊
စိတ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
မိမိတို့ခန္ဓာဝန်ကို
ချမ်းသာစွာနဲ့ ရွက်ဆောင်နိုင်ကြပါစေ။

 

နောင်ပွင့်တော်မူမဲ့Aramaedaeya မြတ်စွာဘုရားအကြောင်း တရားတော

ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ

ဟောကြားတော်မူသည့်

 

ဗုဒ္မအကြောင်း တစေ့တစောင်း



Create မေဇော်ချို

 

၂၄ ပစ္စည်း


Create မေဇော်ချို

 

ပရိတ်တရားတော်


Create မေဇော်ချို

 

အရပ် ( ၁၀ ) မေတ္တာပို့ 

 

မေတ္တာသုတ်

ပရိတ်ကြီး ၁၁ သုတ်

 

ဆရာတော် ဦးဉာဏိဿရ ၏

မင်းကျင့်တရား (၁၀ ) ပါးတရားတော်

 

ပရိတ် တရားတော်နှင့် အနုမောဓနာ

ဆရာတော် ဥူးသုမင်္ဂလ

 

သူတော်ကောင်းတို့ သစ္စာ တရားတော်

ဆရာတော် ဥူးသုမင်္ဂလ

 

အလုပ်ပေး တရားတော်

ဆရာတော် ဥူးသုမင်္ဂလ

 

သီရီလင်္ကာဆရာတော် ငါးပါးသီလ

တရားတော်အား ဆွီဒင်ဘာသာဖြင့်

ဟောကြားခြင်း

from zaw lin htwe on Vimeo.

 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏

တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ်

၇-ရက်တရားတော်များ

၁/၂ ရက်နေ့ 

၃/၄/၅ ရက်နေ့ 

၆/၇ ရက်နေ့ 

 

ကိုထင်ကျော်ထက် က Dr လွဏ်းဆွေ

သို့  အမှာစကား

 

ဆွီဒင်ဓါတ်ပုံသတင်းထောက်တဦးမှရိုက်ကူးခဲ့တဲ့ မြန်မာ့သဘာဝအလှ သတင်းဓါတ်ပုံ

အယ်လ်ဘမ်လေး

 

88KhuDaun88 - 2012 Calendar

 

 

မြန်မာ စံတော်ချိန်

အာဇာနည်နေ့ မမေ့ကြနဲ့ 

NLD ပါတီ မဲဆွယ် သီချင်း

 

ယဉ်မောင်းလိုင်စင်ဘာသာပြန်

Sweden-Myanmar

Free Download here

 

 

လက်ရှိငွေ ပေါက်ဈေးသိလိုလျှင်

Currency Converter

Zaw Gyi Font

နည်းပညာဆိုင်ရာ အချက်အလက်များ

Free Download here

မြန်မာပိုင်း ရေဒီယိုအစီအစဉ်များ

 

 

 

 

 

ဒီမိုကရက်တစ်မြန်မာ့အသံ DVB
Daily by dvbradio

 

 

အဲဒီ အခန်းဖြတ်

 

ဂဒါဖီရဲ့  နောက်ဆုံးအခြေနေ

 

ဘာရယ်ကြောင့်တော့မသိဘူး ဒါလေးကို

ကြည့်မိပြီ တစ်ခုခု ခံစားမိလို့ 

The_ROPE from Minn_Thaik on Vimeo.

ဘာသာရေးဆိုင်ရာ မီဒီယာများ

အားလုံးရဲ့ အမေ

သတင်းမီဒီယာများ

who is Aung San? What is his Speech? part 1

နိုင်ငံရေး သီချင်းများ

 

The GIRL FROM RONGOON

 

 

ဗိုလ်ချုပ် အောင်ဆန်း နောက်ဆုံး မိန့် ခွန်း

Bogyoke Last Speech

 

ဆွီဒင်နိုင်ငံ ၀ါဆိုသင်္ကန်းကပ်လှူပွဲ

 

လေယဉ်လက်မှတ်ဝယ်ရန် အောက်မှာနှိပ်ပါ

 

 

ဂျပန်ကားဟောင်း ၀ယ်လိုသူများ အောက်မှာနှိပ်ပါ

 

 

ပြည်တွင်းသတင်းမီဒီယာများ

 

Please do not change this code for a perfect fonctionality of your counter website creation

Total Pageviews

အားကစားဂျာနယ်များ

 

 

 

info@mayzawcho.com
 

ဆရာတော် ဥုးသုမင်္ဂလ တရားတော်များ

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

 

 

အနှိုင်းမဲ့ဗုဒ္ဒ

 

NLD လွှတ်တော် မတက်ခြင်းအပေါ် အမြင်မတူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားလှယ်များ လာမည့် ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ မတက်ရောက်ခြင်း အပေါ် အမြင်အမျိုးမျိုးကွဲနေသည်။

လွှတ်တော်ကိုယ်စားလှယ်တိုင်း ကျမ်းသစ္စာကျိန်ဆိုရာတွင် “အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်” ဆိုသည့် စကားရပ်နေရာတွင်“အခြေခံဥပဒေကို လေးစားလိုက်နာပါမည်”ဆိုသော စကားရပ်နှင့် အစားထိုး ပြင်ဆင်ပေးရန် NLD ကတင်ပြခြင်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးက ပြင်ဆင် စရာမလိုကြောင်း အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် NLD ကိုယ်စားလှယ်များလာမည့် ၂၃ ရက်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင် ခြေမရှိ သေးကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုလိုက်သည့်အပေါ် တုံ့ပြန်ကြခြင်း ဖြစ်သည်။

ယင်းသို့ NLD က လွှတ်တော် မတက်နိုင်သေးခြင်းနှင့်ပတ်သက်ပြီး ယခုပြဿနာသည် စကားလုံး အသုံးအနှုန်း ပြဿနာ သို့မဟုတ် အခြေခံ ဥပဒေဆိုင်ရာပြဿနာလော ဆိုသည်ကို NLD ဥပဒေ ပညာရှင် များအနေဖြင့် သဲကွဲစွာသိရန် လိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်

THE LADY မြန်မာစာတမ်းထိုး

 

မိတ်ဆွေများခင်ဗျာ

အောက်ပါ ဗွီဒီယိုလေးကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူး ထားတဲ့( THE LADY ) မြန်မာလို စာတန်းထိုးထား ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ် ။ ကြာမြင့်ချိန် ၀၂း ၁၂ မိနစ်ခန့် ကြာပါတယ် ။ မကြည့်ရသေးသူများအတွက် တင်ပေးလိုက်ပါတယ်

www. mayzawcho.com THE LADY from zaw lin htwe on Vimeo.

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖွင့်

အင်္ဂါနေ့၊ ဧပြီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၄ မိနစ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်ဆန်းတရက်နေ့က ရန်ကုန်တိုင်း၊

ကော့မှူးမြို့နယ်တွင် ကံစမ်းမဲ ဖောက်ရာ ပထမဆုအဖြစ် ကမာမက်ကျေးရွာက ရရှိသွားခဲ့သည်ဟု
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းကို ဧပြီလ ၁၆ ရက်နေ့က ထူထောင်ထားခြင်း ဖြစ်သည်။ ဖောင်ဒေးရှင်း၏ ရန်ပုံငွေထဲမှ ကျပ်သိန်း ၃၀၀ ကိုဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၆၂ စုတွင် ကံစမ်း မဲသုံးခုဖောက်ခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ကမာမက်ရွာက လည်းကောင်း၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆတိုင်မွန်ရွာ က လည်းကောင်း၊ တတိယဆု ကျပ် သိန်း ၅ဝ ကို ပုပ္ပါးရွာကလည်းကောင်း အသီးသီးရရှိသွား ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနဲ့ ကပ်လျက်မှာရှိတဲ့ စင်မှာ အခမ်းအနားဖွင့်တယ်။ ပြီးတော့ ရွာသုံးရွာ ကံစမ်းမဲကို ၆၂ အုပ်စု ကိုယ်စားပြုပြီးတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ မဲနှိုက်ပေးပါတယ်။ ပထမဆု ကမာမက်က ရသွားပါ တယ်”ဟု ဦးခွန်သာမြင့်က မဇ္ဈိမကို ပြောသည်။

 

လောကနီတိ

 

 

ကျမ်းသစ္စာကြိမ်ဆိုဖို့ အခက်တွေ့ နေတဲ့  NLD
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့စကားလုံး အသုံးအနှုန်းပြင် ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့တင်ထား တယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင် နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေး ကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”
အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံး ဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆွီဒင်နိုင်ငံတွင် ဘုန်းကြီးကျောင်းဖွင့်ပွဲ

ဆွီဒင်နိုင်ငံ ယုကဘန်ဗ်မြို့ တွင် တိရတနာ ဗုဒ္မဘာသာဘုန်းတော်ကြီးကျောင်းဖွင့်ပွဲအခမ်းအနားကို နမောတသ

သုံးကြိမ်ရွတ်ဆို၍ စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။အဆိုပါအခမ်းအနားသို့ 

ဟာစပါယ်ရီမြို့ နယ် အရာရှိကိုယ်တိုင်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းအခမ်းအနားသို့  ဆွီဒင်တစ်နိုင်ငံလုံးရှိ

ဗုဒ္မဘာသာဝင်များအပြင် ဘာသာပေါင်းစုံဘာသာဝင် (၃၀၀)ခန့် ပါဝင်ပူးပေါင်းတက်ရောက်ကြတယ်လို့ လဲ သိရှိရပါ တယ်။ဒါပြင် အိမ်နီးနိုင်ငံဖြစ်သော နော်ဝေးနိုင်ငံမှ ဘာသာဝင်တချို့ လဲ လာရောက်ကြတယ်လို့ သိရှိ ရပါတယ်

မေဇော်ချို

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အရေးပေါ်တွေ့ ဆုံ
သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံနက် ၁၁ နာရီခန့်က နေပြည်တော်ရှိ သမ္မတ ရုံးတွင် တနာရီကျော်တွေ့ဆုံဆွေးနွေးကြောင်း သတင်းရသည်။

ထိုသို့တွေဆုံမှုသည် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား အရေးပေါ် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

လေ့လာသူများအဆိုအရ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား မိမိကယ်တင်ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေ စိုက် ဘန်ကောက်ပို့စ် သတင်းစာအား ပြောဆိုခဲ့ခြင်းနှင့် ဆက်စပ်နိုင်ကြောင်း သိရသည်။

ထိုပြောဆိုမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား ထိုးနှက်မှုတခု ဖြစ်ရုံသာမက အစိုးရအဖွဲ့ကိုပါ ထိခိုက်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ယခု ဒုတိယအကြိမ် တွေ့ဆုံမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိပေ။ ယမန်နှစ် သြဂုတ်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် ပထမ အကြိမ် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် ယူထားသည့် ဦးခွန်သာမြင့်က“ဘာတွေ ဆွေးနွေးတယ် ဆိုတာတော့ ပြောခွင့်မရှိပါဘူး၊ အကြောင်းအရာတွေကတော့ အများကြီးဖြစ်မှာပါ၊ ဆွေးနွေးပွဲရလဒ်ကို မူတည်ပြီးမှ သတင်းထုတ်ပြန်သင့်ထုတ်ပြန်မယ်”ဟုဆို သည်။

သို့သော် ၎င်းတို့ နှစ်ဦးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးများကို ဆွေးနွေးနိုင်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုးကားပြီး ယမန်နေ့ရက်စွဲဖြင့် AP သတင်းတွင် ရေးသားထားသည်။ စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်၊ သမ္မတကတော် ဒေါ်ခင်ခင်ဝင်း တို့နှင့်အတူ သမ္မတ ဧည့်ခန်းဆောင်တွင် နေ့လယ်စာ စားသောက်ပြီးနောက် နေ့လယ်၂နာရီခန့်တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၄ နေရာ ယှဉ်ပြိုင် ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့ပြီးနောက် လာမည့် ၂၃ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော် အစည်းအ၀းကို တက်ရောက်ရမည်ဖြစ်သည်။

 

NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်

 

ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကိုကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

 

မြန်မာရွေးကောက် တရုတ် လှိုက်လှဲ့ မှု့ မရှိ
ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများရုပ်သိမ်းရန် တရုတ်နိုင်ငံက ယနေ့ တောင်း ဆိုလိုက်သော်လည်း NLD အောင်ပွဲဆင်ခဲ့သည့် အပေါ် လှိုက်လှိုက်လှဲလှဲ မရှိကြောင်း တွေ့ရသည်။

တရုတ်အစိုးရ မီဒီယာအနေနှင့် မြန်မာပြည်၏ သမိုင်းဝင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှု နှေးကွေးနေချိန်၌ တိုးတက်ပြောင်းလဲမှုလိုလားသော မီဒီယာများနှင့် မိုက်ခရိုဘလော့ (Micro-blog)များအတွက်မူ မြန်မာပြည်မှ မဲဆွယ်မှုများနှင့် ရွေးကောက်ပွဲသတင်းများသည် ရေပန်းစားလှသည့် အကြောင်းအရာများ ဖြစ်နေခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကြေညာချိန်တွင်

 

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်းရရှိ

April 3, 2012 6:31 pm

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရှိမှုရလဒ်များအားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအင်္ဂါနေ့ညနေတွင်ပြီး

သတ်ကြေညာလိုက်ပြီးနောက်တွက်ချက်ရရှိသည့်စာရင်းများအရနေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်တွင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ရွေးကောက်ပွဲ ကော်မရှင်၏

အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံပါဝင်လာသည်။
ပည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်းမင်းကင်းမြို့နယ်

တို့မှဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာ

မြင့်နိုင် ကNLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်များတွင် တက်ရောက်ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တက်ရောက်ကြမည်
ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။

ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်းအဖြစ် ပါဝင်ကိုယ်စားပြုနေမည် ဖြစ်သည်။

ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်းကလည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။
မဇ္ဈိမသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ (သာဓုခေါ်စေသော်)

 

*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*

*ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*

*တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*

*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*

*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*

*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*

*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*

*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*

*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*

*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*

*ဖေဖေ့မျက်နှာနဲ့ 
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*

*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။*
( ၈။ ၂၆။ ၂၀၀၉)

ဤသေတမ်းစာအား ပြည်တွင်း အီးမေလ်တစ်စောင်မှ လက္ခံရရှိပါသည်

မေဇော်ချို မှ ပြန်လည်မျှဝေပါသည် (သာဓုခေါ်ပါတယ် အမေစု)

တိရတနာဘုန်းတော်ကြီး ပြင်ဆင်မှု့ အခြေအနေ

28.Jan .2012 .11.52 pm

ဆွီဒင်နိုင်ငံ ( Hallsberg ) မြို့ နယ်အတွင်းရှိ တိရတနာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတော်ကြီး ပြီးစီးမှု့ အခြေအနေ

ဓါတ်ပုံများ အလှူရှင် အလှူဒါယကာမများအနေဖြင့် လိုအပ်သည့်များကို သဒ္ဒါကြည်ဖြူပါဝင်လှူတန်းနိုင် ပါကြောင်း နှင့်

အကယ်၍ ပါဝင်လှူတန်းလိုပါက ဖော်ပြပါ ၀က်ဆိုဒ် ( www.bbfse.org ) သို့  ဆက်သွယ်မေးမြန်းလှူတန်းနိုင်ပါကြောင်း

နှိုးဆော်လိုက်ပါသည် ( မေဇော်ချို)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Copyright © 2011 MAYZAWCHO | web designed by Htay Zayar and Zaw lin Htwe